Local News

မန္တလေးကုန်စည်ဒိုင်၏ ၂၀၂၂ ခုနှစ်ဇန်နဝါရီလတတိယပတ် ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

ပဲစဉ်းငုံ

မန္တလေးအနီးတဝိုက် နှင့် စစ်ကိုင်း ဘက်မှအများဆုံးဝင်ရောက်ပြီး မကွေးဒေသဘက်မှ အနည်း ငယ်ဝင်ရောက်ကြောင်းသိရသည်။ ရန်ကုန်သို့အဓိကတင်ပို့နေပြီး ၆၀ ပိဿာဝင် သုံးတင်း တစ်အိတ် လျှင် ပဲစင်းငုံ(အနီ) ယခုတစ်ပတ် ကျပ် ၁၂၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၂၂၀၀၀ မှ ၁၂၄၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀ မှ ၆၀၀၀ ထိ မြင့်တက်လာသည်။ ပဲစင်းငုံ(အဖြူ) ယခုတစ်ပတ် ကျပ် ၁၁၈၀၀၀၊ ယခင် တစ်ပတ်ကျပ် ၁၁၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၈၀၀၀ ဈေးမြင့်တက်လာသည်။

မတ်ပဲ

ဧရာဝတီမြစ်ကြောင်း တစ်လျှောက် နှင့် ရွှေဘို၊ ပဲခူးဘက် မှ ဝင်ရောက်လျှက်ရှိပြီး ငွေဈေးအနိမ့် အမြင့် အပေါ်တွင် ဈေးအတက်အကျရှိနေပြီး၊ အိန္ဒိယမှ အဝယ်ရှိနေကြောင်းသိရသည်။ မတ်ပဲ ၆၀ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၃၀၀၀၀ မှ ၁၃၂၅၀၀၊ ယခင်တစ်ပတ် ကျပ် ၁၃၇၀၀၀မှ ၁၃၈၀၀၀ ဖြစ်ခဲ့ သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၅၀၀မှ ၇၀၀၀ ဈေးမြင့် တက်လာသည်၊

ပဲတီစိမ်း

ပြည်တွင်းဝယ်လက် ရန်ကုန်နှင့် ပြည်ပဝယ်လက် တရုတ်၊ အိန္ဒိယမှ ဝယ်ယူမှုရှိနေ ကြောင်း၊ ရံဖန်ရံခါတွင် ကိုရီးယားမှ  အမှာရှိလျှင်လည်း တင်ပို့နေရကြောင်း သိရသည်။ (၅၆.၂၅)ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ပဲတီစိမ်း(အညာ) ယခုတစ်ပတ် ကျပ် ၁၁၅၀၀၀မှ ၁၂၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၁၁၅၀၀၀မှ ၁၂၂၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀ မြင့်တက် လာသည်။ ပဲတီစိမ်း(ခွဲပဲ) ယခုတစ်ပတ် ကျပ် ၉၅၀၀၀ မှ ၁၀၅၀၀၀ ဖြစ်ခဲ့ပြီး ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေသည်။

ပဲယင်း

မန္တလေး နှင့်  စစ်ကိုင်းဘက်မှ ဝင်ရောက်မှု ရှိပြီး တရုတ်ဝယ်လက် နှင့် ပြည်တွင်း ပဲကြာဆံစက် များမှ ဝယ်ယူမှုရှိနေကြောင်းသိရသည်။

၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ပဲယင်း (အကြီး) ယခုတစ်ပတ် ကျပ် ၁၀၈၀၀၀ မှ ၁၁၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၀၈၀၀၀ မှ ၁၀၉၀၀၀ ဖြစ်သည်။ ပဲယင်း(အသေး) ယခုတစ်ပတ် ကျပ် ၁၀၅၀၀၀ မှ ၁၀၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၀၅၀၀၀ မှ ၁၀၇၀၀၀ ထိဖြစ်သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀၀၀ ဈေးမြင့်တက် လာသည်။

ပဲယင်း(အနီ) များလည်း ဝင်ရောက်မှုရှိနေကြောင်း သိရပြီး ၆၀ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ကျပ်  ၁၆၅၀၀၀ ဖြင့် ရောင်းဝယ်နေကြောင်း သိရ သည်။

ချောစုဝင်း

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News